နေရောင်ခြည်စွမ်းအင်ကို ဘာကြောင့်သုံးတာလဲ
နေစွမ်းအင်သည် နေမှရရှိသော စွမ်းအင်ဖြစ်သည်။ နေရောင်ခြည်ကို စုဆောင်းခြင်းဖြင့် ၊၄င်းကို နည်းလမ်းများစွာဖြင့် အသုံးပြုနိုင်သည် (သို့မဟုတ်) အသုံးဝင်သော စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်သည်။ နေစွမ်းအင်သည် နေတွင်ဖြစ်ပေါ်နေသော နျူကလီးယားပေါင်းစပ်မှုဖြင့် ဖန်တီးသည်။၎င်းသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိများအတွက် လိုအပ်ပြီး လျှပ်စစ်ကဲ့သို့ လူသားများအတွက်အသုံးဝင်သည့် စွမ်းအင်တစ်ခု ဖြစ်သည်။ နေရောင်ခြည်စွမ်းအင် လိုအပ်ချက် အလားအလာသည် ပိုမိုကြီးမားလာသည်။
လူကြိုက်များသော နည်းလမ်းမှာ နေရောင်ခြည်စွမ်းအင်သုံး photovoltaic (PV)စနစ်များ ဖြစ်ပါသည်။ ဆိုလာပြားများဟု လူသိများသော ၄င်းပစ္စည်းများသည် နေရောင်ခြည်မှ လျှပ်စစ်အဖြစ်သို့ပြောင်းလဲဖန်တီး တပ်ဆင် ထားသည်။ အဆိုပါ System များသည် တွင်ကျယ်စွာအသုံးပြုလာသဖြင့် Solar Investment Tax Credit (ICT) ပိုမို ကောင်းမွန်စေသည်။ နေရောင်ခြည်စွမ်းအင်၏ အကျိုးကျေးဇူးများကို သင့်အနေဖြင့် စဉ်းစားသည့်အခါ အဆိုပါ အချက်များသည် လွန်ခဲ့သောနှစ်များအတွင်း လူနေအိမ်နှင့် လုပ်ငန်းသုံးဆိုလာပြားစနစ် တပ်ဆင်မှုများ သိသိသာသာ တိုးလာခဲ့သည်။
Solar Energy သည် မကုန်မခန်းနိုင်သော ထောက်ပံ့မှုနှင့် ၄င်း၏ ညစ်ညမ်းမှု မဖြစ်နိုင်စေနိုင်သော လက္ခဏာများ ကြောင့် ကုန်ခမ်းမသွားနိုင်သော စွမ်းအင်အဖြစ် အသုံးပြုလာနိုင်မည်ဟု မျှော်လင့်ရသည်။ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့နှင့် လုံးဝမတူပဲ ၄င်းသည် သဘာဝ မကုန်မခန်းနိုင်သောစွမ်းအင် အရင်းအမြစ် ဖြစ်သည်။ Solar Energy သည် အခြားလောင်စာများကဲ့သို့ ဈေးနှုန်းမြင့်တက်ခြင်းများ (သို့မဟုတ်) အခြားလောင်စာများ လောင်ကျွမ်းခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုအတွက် စိတ်ပူစရာမလိုအပ်ပါ။
သင့်လုပ်ငန်းအတွက် AK Solor Power ကို ဘာကြောင့် သုံးလဲ
  • • သင်လုပ်ငန်းအတွက် လျှပ်စစ် သုံးစွဲမှု ကုန်ကျစရိတ်များကို လျော့ချပေးသည်။ .
    သင့်လုပ်ငန်းလည်ပတ်ရန် လျှပ်စစ်စွမ်းအင် လိုအပ်ပါသည်။သင်မည်မျှချွေတာသည်ဖြစ်စေ သင့်လုပ်ငန်း အရွယ်အစားပေါ်မူတည်၍ စွမ်းအင်ကို အသုံးပြုကြရပါသည်။Solar Power သည့် လျှပ်စစ်စွမ်းအင် သုံးစွဲမှုကို လျော့ချပေးသည်။
  • Solar Incentive.
    အခွန်ခံစားခွင့်များနှင့် အကျိုးကျေးဇူးများ
  • Customer များ ပိုမိုရရှိခြင်း။
    စီးပွားရေးအရ တွက်ချေကိုက်သော Solor Energy System အား ပြောင်းလဲသုံးစွဲရန်အတွက် သင့်၏ တိုက်တွန်းမှု မဟုတ်သော်လည်း Customer များသည် ရေရှည်တည်တံ့သော ကတိက၀တ်များဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ဝင်စားလာကြပါသည်။
  • ၀န်ထမ်းများ၏ စိတ်ကျေနပ်မှုကို မြှင့်တင်ပေးခြင်း။
  • Return on Investment less than 10 years.
    ကျွန်ုပ်တို့၏ ဆိုလာတပ်ဆင်မှု လုပ်ငန်းများသည် Payback Period မှာ အနည်းဆုံး (၅)နှစ်မှ (၆)နှစ်ဖြစ်ပါသည်။
    စီးပွားရေးလုပ်ငန်းများအတွက် Solar Energy ၏ အားသာချက်များသည် ဆုံးဖြတ်ချက်များကို မှန်ကန် တိကျစေသည်။ လုပ်ငန်း၏ လျှပ်စစ်ကုန်ကျစရိတ်များအား လျှော့ချနိုင်ပြီး ကုန်ကျစရိတ်အပေါ်တွင် မမျှော်မှန်းနိုင်သော ကိစ္စရပ်များ လျော့ကျသွားသည်။ Solar Energy System အသုံးပြုခြင်းသည် ကုမ္ပဏီများအတွက် Budget(ဘတ်ချက်) ၊Future Plan (အနာဂတ် စီမံကိန်း)များ အတွက် အစီအစဉ် ရေးဆွဲနိုင်ရန် ပိုမိုလွယ်ကူစေသည်။
ဘေးကင်းလုံခြုံရေး
ဆိုလာပြားများနှင့် System များ တပ်ဆင်ရာတွင် အန္တရာယ်ရှိနိုင်ပါသည်။ အဆိုပါ လုပ်ငန်းခွင်ရှိ အလုပ်သမားများသည် အောက်ပါအခြေအနေများပေါ်တွင် အမျိုးမျိုးသော ဘေးအန္တရာယ်များကို ရင်ဆိုင် တွေ့ကြုံနိုင်ပါသည်။
  • မြင့်မားသော အမိုးများပေါ်တွင် လုပ်ငန်းဆောင်ရွက်ရမည့် ဧရိယာအကျယ်အ၀န်း
  • လျှပ်စစ် အန္တရာယ် တစ်ခုခုဖြစ်ပေါ်ခြင်း
  • လုပ်ငန်းခွင် အခြေအနေ (Site situation)
  • ဖြတ်တောက်ခြင်း (Cuts)
လုပ်ငန်းခွင်များတွင် အလုပ်သမားများ ကြုံတွေ့ရသည့် ဘေးအန္တရာယ်များကြောင့် လုပ်ငန်းခွင်ဘေးကင်းရေးနှင့် ကျန်းမာရေးစီးမံခန့်ခွဲမှု (OSHA) သည် အလုပ်ရှင်များအား ၄င်းတို့၏ ၀န်ထမ်းများအတွက် ဘေးရန်ကင်းရှင်းရေး သင်တန်းနှင့် အကာအကွယ်များ ရှိရန် လိုအပ်ပါသည်။ Solar Energy System အသုံးပြုတပ်ဆင်ထားသည့် ကုမ္ပဏီအများစုသည် (OSHA) ၏ လိုအပ်ချက်များကို အခြေခံ၍ ၄င်းတို့၏ ကိုယ်ပိုင်လက်စွဲစာအုပ်များကို ဖန်တီးခဲ့ကြသည်။ ထို့ကြောင့် အောက်ပါအချက်များအတွက် အစီအစဉ်ကောင်းများ ထားရှိရန် လိုအပ်ပါသည်။
  • ဆိုလာပြားများကို ဘေးကင်းစွာ သယ်ဆောင်ခြင်းနှင့် ကိုင်တွယ်ခြင်းအတွက်အသုံးပြုရန် စက်ပစ္စည်းများ လိုအပ်ခြင်း
  • ငြမ်းနှင့် လှေကားတို့၏ အရွယ်အစား၊အမျိုးအစားများ
  • အထပ်မြင့်အမိုးများပေါ်မှ ပြုတ်ကျခြင်းကို ကာကွယ်ပေးခြင်း
  • တစ်ကိုယ်ရည်သုံး အကာအကွယ်ပစ္စည်းများ(PPE)
  • နေ၏ အလင်းရောင်ကို တားဆီးရန် ဆိုလာခင်းကို အလင်းပိတ်အလွှာဖြင့် ဖုံးအုပ်ထားရန်၊
  • ဆိုလာ PV စနစ်မှ တပ်ဆင်ထားသော ၀ါယာကြိုးများကို လျှပ်စစ်များစီးဝင်နေသည်ဟု ယူဆ၍ သတိထားဆောင်ရွက်ရန်။
  • Circuit များကို အလုပ်မလုပ်မီ စွမ်းအင်ပြတ်တောက်ကြောင်း သေချာစေရန် မီတာ (သို့မဟုတ်) Circuit test device အသုံးပြု၍ သေချာအောင် စစ်ဆေးရန်
  • Lock ချနိုင်သော System များတွင် ပါဝါပိတ်ခြင်းနှင့် Circuit များ အားလုံးကို Tag လုပ်ခြင်း ဆောင်ရွက်ရန်
  • PV module connectors များ (သို့မဟုတ်) အခြားဆက်စပ်နေသော PV ၀ါယာကြိုးများကို Load ဖြစ်နေချိန်တွင် ဘယ်သောအခါမှ မဖြုတ်မိစေရန်အတွက် သတိထားဆောင်ရွက်ရန်၊
လျှပ်စစ် စွမ်းဆောင်ရည်
Photovoltaic (PV)cell သို့မဟုတ် Solor cell ပေါ်သို့ကျရောက်သော နေရောင်ခြည်စွမ်းအင် ပြောင်းလဲခြင်း ပေါ်တွင်မူတည်၍ စက်၏ အသုံးပြုနိုင်သော လျှပ်စစ်အဖြစ်သို့ ပြောင်းလဲစေသော ရာခိုင်နှုန်းသည်လည်း ကွာခြားပါသည်။ ဤပြောင်းလဲခြင်း၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းသည် သုတေသနရဲ့ အဓိကပန်းတိုင် ဖြစ်ပြီး နည်းပညာများကို သဘာဝ စွမ်းအင်ရင်းမြစ်များနှင့် ကုန်ကျစရိတ်များအား နှိုင်းယှဉ်နိုင်ရန် ကူညီပေးပါသည်။
(PV)cell ပေါ်သို့ ကျရောက်သော နေရောင်ခြည်အားလုံးသည် လျှပ်စစ်စွမ်းအင်အဖြစ်သို့ မပြောင်းလဲပါ။
Solar cell design တွင် ပါဝင်သော စွမ်းအင်ပမာဏသည် နေရောင်ခြည်ကို အကန့်အသတ်ဖြင့်သာ လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲပေးနိုင်သည်။ပြောင်းလဲပေးနိုင်သော ပမာဏသည်လည်း Solar cell design ပေါ်တွင် မူတည်ပါသည်။
ကူးပြောင်းမှုထိရောက်မှုအပေါ် သက်ရောက်မှုရှိသော အချက်များ
  • အလင်းပြန်ခြင်း
  • အလင်းပြန်ခြင်း
  • အပူချိန်
  • လှိုင်းအလျား
ကာဗွန် လျော့ချခြင်း
တတ်နိုင်သလောက် ရုပ်ကြွင်းလောင်စာများအား လျော့ချရန်အတွက် သန့်ရှင်းသော နေရောင်ခြည်မှ ရယူခြင်းကို ထောက်ခံအားပေးပြီး ကာဗွန် လျော့ချရန်အတွက် Carbon offsetting and carbon footprint ကို ပြိုင်တူဆောင်ရွက်သင့်သည်။ ချေဖျက်၍ မရနိုင်သော ကာဗွန်ပမာဏကို လျော့ချခြင်းသည် ရာသီဥတု ဆိုးရွားမှုကို ဟန့်တားရာတွင် အကူအညီကောင်းတစ်ခုဖြစ်စေသည်။ 
Solar Energy System အသုံးပြုခြင်းသည် ကာဗွန်ထုတ်လွှတ်မှု မရှိပဲ Power ရရှိနိုင်သော်လည်း စိန်ခေါ်မှုများစွာ ရှိသည်။ ဥပမာ - တပ်ဆင်သောနေရာပေါ် မူတည်၍ နေရောင်ခြည်စွမ်းအင် ရရှိမှုကွာခြားခြင်း၊ High voltage direct current(HVDC) နည်းပညာသည် အကောင်းဆုံးဖြစ်သော်လည်း လိုအပ်ချက်နှင့် မကိုက်ညီပါက အပြည့်အ၀ မသုံးစွဲနိုင်ခြင်း၊ Solar Energy သိုလှောင်ရာတွင် စဉ်ဆက်မပြတ် စွမ်းအင်များရရှိခြင်းကြောင့် သိုလှောင်သိမ်းဆည်းရန် ခက်ခဲခြင်းသည်လည်း နောက်ထပ် စိန်ခေါ်မှု တစ်ခုဖြစ်သည်။
ပတ်ဝန်းကျင်တွင် စိမ်းလန်း၍သန့်ရှင်းပြီး ရေရှည်နှင့်တည်တံ့ခိုင်မြဲသော စွမ်းအင်
ရေရှည်နှင့်တည်တံ့ခိုင်မြဲသော စွမ်းအင်ဒီဇိုင်းဖန်တီးခြင်းသည် ရပ်ရွာနှင့် ပတ်ဝန်းကျင်ကို အကျိုးပြုသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ အနာဂတ်တွင် ပိုမိုတည်တံ့သော စွမ်းအင်ဖြင့် ပံ့ပိုးကူညီပေးရန် ဖြစ်သည်။
UN’s 17 စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs)သည် အားလုံးအတွက် ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့သော အနာဂတ်ကို ရရှိရန်အတွက် အသေးစိတ်ပုံစံဖြစ်သည်။
AK Solar တွင် ကျွန်ုပ်တို့သည် (SDGs)ကို မြှင့်တင်ရန် ကတိက၀တ်ပြုထားပြီး အစိုးရများနှင့် လူ့အဖွဲ့အစည်းများ အောင်မြင်စေရန် ကူညီဆောင်ရွက်ပေးရာတွင် ကျွန်ုပ်တို့ပါဝင်ဆောင်ရွက်ပါသည်။ အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန်အတွက် ကုလသမ္မဂ SGDs လေးခုကို ဦးစားပေးအနေဖြင့် ကျွန်ုပ်တို့ဖော်ထုတ် ထားပါသည်။ ကျွန်ုပ်တို့တွင် Gender Equality (SDG5)၊ ရေနှင့်သန့်ရှင်းရေး(SDG6)၊ စဉ်ဆက်မပြတ် စွမ်းအင်ရရှိခြင်း၊ Affordable နှင့် သန့်ရှင်းသောစွမ်းအင် (SDG7)၊ရာသီဥတု အပြောင်းအလဲဆိုင်ရာ (SDG13) နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပရောဂျက်များတွင် ဤ ပန်းတိုင်များကို အဓိကထား ကြိုးစားနေပါသည်။